လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ်၊ နှစ်ခြင်း IDPs စခန်းနေပြည်သူများအား COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု(၁)စုလျှင်(၄၀၀၀ဝိ/-)နှုန်းဖြင့် မံစီမြို့နယ်ရှိ နှစ်ခြင်းIDPsစခန်းရှိ အိမ်ထောင်စု(၁၇၃)စု၊ လူဦးရေ(၇၇၀)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ(၆,၉၂၀,၀၀ဝိ/-) တိတိအား (၁၆-၉-၂၀၂၀)ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် IDpsစခန်းနေ မိသားစုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_sep2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • IDPs စခန်းများမှ မုန်းဒိန်ပါကျေးရွာသို့ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ မုန်းဒိန်ပါကျေးရွာသို့ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု(၄၄)စု၊ လူဦးရေ(၂၄၁)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ (ဆန်၊ ဆီ၊ ဆား၊ ပဲ)(၁)လစာ၊ ပြောင်းရွှေ့စရိတ်(၁၀၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၄၄)ပုံး၊ (ဆန်၊ ဆီ၊ ဆား၊ပဲ)(၁)လစာ(၂၈၅၅၅၇၅/-)ကျပ်၊ ပြောင်းရွှေ့စရိတ်(၄၄၀၀၀၀ဝိ/-) ကျပ်အား (၁၆-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_sep2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ မန်ဆန်ရေကျကျေးရွာအုပ်စု၊ မန်ဆန်ရေကျကျေးရွာနှင့် နားဆန်ကျေးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန်ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် COVID-19 ကာကွယ်နိုင်ရန် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်စည်းကိုအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel … Read more

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀) ရက်နေ့ ည (၀၈:၀၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ နာရေးကူညီမှုအသင်း (ညောင်တုန်း) တို့နှင့်ပူးပေါင်း၍ ညောင်တုန်းမြို့၊ ရပ်ကွက် (၁၀) ခုအတွင်း လမ်းဆုံနေရာများနှင့် လူစည်ကားရာနေရာများ၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များအား အများပြည်သူများ သိရှိနိုင်စေရန် လှည့်လည်ကြေညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2020

  • ကောရိယတာတမံ ပြုပြင်ထိန်းသိမ်းရန် အတွက်ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကင်မွန်းအင်းကျေးရွာအုပ်စုအတွင်းရှိ ကောရိယတာတမံ ပြုပြင်ထိန်းသိမ်းရန် အတွက်ထောက်ပံ့ငွေကျပ် (၆,၀၀၀,၀၀၀) ကျပ်သိန်းခြောက်ဆယ်တိတိအား (၁၆-၉-၂၀၂၀) ရက်နေ့‌၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း(ခ) အောင်မြင်အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ တာဝန်ရှိသူများက လက်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #bgo_sep2020

  • COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀) ရက်နေ့၊ (၁၅:၄၀) နာရီအချိန်တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀၀)ကျပ်နှုန်းဖြင့် မိုးမောက်မြို့၊ နှစ်ခြင်းIDPsစခန်းရှိ အိမ်ထောင်စု(၄၁၇)စု၊ လူဦးရေ(၂၀၀၃)ဦးနှင့် ကက်သလစ်(RC) IDPsစခန်းရှိ အိမ်ထောင်စု(၈၈)စု၊ လူဦးရေ(၄၁၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၅၀၅)ဦး၊ လူဦးရေ(၂၄၁၇)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ(၂၀,၂၀၀,၀၀၀)ကျပ်တိတိအား IDPsစခန်းနေ ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_sep2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)