ကောရိယတာတမံ ပြုပြင်ထိန်းသိမ်းရန် အတွက်ထောက်ပံ့ငွေပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကင်မွန်းအင်းကျေးရွာအုပ်စုအတွင်းရှိ ကောရိယတာတမံ ပြုပြင်ထိန်းသိမ်းရန် အတွက်ထောက်ပံ့ငွေကျပ် (၆,၀၀၀,၀၀၀) ကျပ်သိန်းခြောက်ဆယ်တိတိအား (၁၆-၉-၂၀၂၀) ရက်နေ့‌၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း(ခ) အောင်မြင်အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ တာဝန်ရှိသူများက လက်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#bgo_sep2020

Sign Up

Upcoming Events