လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀) ရက်နေ့၊ (၁၅:၄၀) နာရီအချိန်တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀၀)ကျပ်နှုန်းဖြင့် မိုးမောက်မြို့၊ နှစ်ခြင်းIDPsစခန်းရှိ အိမ်ထောင်စု(၄၁၇)စု၊ လူဦးရေ(၂၀၀၃)ဦးနှင့် ကက်သလစ်(RC) IDPsစခန်းရှိ အိမ်ထောင်စု(၈၈)စု၊ လူဦးရေ(၄၁၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၅၀၅)ဦး၊ လူဦးရေ(၂၄၁၇)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ(၂၀,၂၀၀,၀၀၀)ကျပ်တိတိအား IDPsစခန်းနေ ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)