လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ မုန်းဒိန်ပါကျေးရွာသို့ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု(၄၄)စု၊ လူဦးရေ(၂၄၁)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ (ဆန်၊ ဆီ၊ ဆား၊ ပဲ)(၁)လစာ၊ ပြောင်းရွှေ့စရိတ်(၁၀၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၄၄)ပုံး၊ (ဆန်၊ ဆီ၊ ဆား၊ပဲ)(၁)လစာ(၂၈၅၅၅၇၅/-)ကျပ်၊ ပြောင်းရွှေ့စရိတ်(၄၄၀၀၀၀ဝိ/-) ကျပ်အား (၁၆-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)