ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖကျေးရွာအုပ်စု၊ တေးဂေခိုကျေးရွာ၊ စီစန်းခိုကျေးရွာ၊ လော်ခိုသာကျေးရွာ၊ လိုဘေခိုကျေးရွာနှင့် ဆိုလဖဲခိုကျေးရွာများရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_sep2020

  • ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုသမှုအစီအစဥ် ( COVID-19 Economic Relief Plan- CERP)အရ စားသောက်ကုန် (၅)မျိုး (ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်နီ)ဝယ်ယူရန် အိမ်ထောင်စု(၁) စုလျှင်(၄၀,၀၀၀/-) ကျပ် နှုန်းဖြင့် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်အိမ်ထောင်စု (၁၁၅၁)စု၊ လူဦးရေ(၄၉၈၁)ဦးအတွက် ထောက်ပံ့ငွေ(၄၆,၀၄၀,၀၀၀/-)ကျပ်အား (၂၄-၉-၂၀၂၀)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန် တွင် ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ထံသို့ လည်းကောင်း၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်းတွင် အိမ်ထောင်စု (၃၆၃)စု၊ … Read more

  • Mask နှင့် ရေမလိုလက်သန့်ဆေး၊ အသက်ကယ်ဘောကွင်းများနှင့် အသက်ကယ်ကြိုးအိတ်များ ဝန်ကြီးဌာနလို့ လာရောက်လှူဒါန်း

    ~~~~~~~ Source: MOSWRR ~~~~~~~ စက်တင်ဘာ ၂၄ ၊နေပြည်တော် ~~~~~~~ COVID-19 ကြိုတင်ကာကွယ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် Mask (၁၅,၀၀၀)ခု၊ ရေမလို လက်သန့်ဆေး(500ml)(၂၄၀)ဘူးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် အသုံးပြုနိုင်ရန်အတွက် အသက်ကယ်ဘောကွင်း(၁၀၀)ကွင်း၊ အသက်ကယ်ကြိုးအိတ်(၂၀)အိတ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့ နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ Aries Elan ကုမ္ပဏီက လာရောက်လှူဒါန်းရာ ဒုတိယဝန်ကြီးဦးစိုးအောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ စက္ကန့် ကျေးရွာတွင် (၂၃-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေ (၂၀၀,၀၀၀/-)ကျပ်နှင့်၊လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀/-)ကျပ်နှင့် Family kit (၁) ပုံးအား (၂၄-၉-၂၀၂၀)ရက်နေ့၊ (၁၄:၄၅) နာရီအချိန်တွင် ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ကလေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်း၌ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • COVID-19 ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာအုပ်စု၊ အင်းလျာကုန်းကျေးရွာ၊ လှေတော်ရုံကျေးရွာ၊ လယ်တီကျေးရွာ၊ ဆင်ကူး(အနောက်)နှင့် ဆင်ကူး(အရှေ့) ကျေရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့်ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်တို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာနှင့် သရက်တောကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအားအသံချဲ့စက်များဖြင့်လည်းကောင်း ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020