COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDP စခန်းများရှိ ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 Economic Relief Plan (CERP)အစီအစဉ်အရ တိုက်ပွဲရှောင် စုရပ်များနှင့် IDPစခန်းများရှိ အိမ်ထောင်စု (၁)စုလျှင်  (၄၀၀၀ဝ/-) ကျပ်နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ  ပေါက်တောမြို့နယ်၊ ဘ၀မ်းဘုန်းကြီး ကျောင်းတွင် ရောက်ရှိခိုလှုံ‌လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆၃)စု၊ လူဦးရေ (၂၄၀)ဦးတို့အတွက် ထောက်ပံ့ငွေ (၂,၅၂၀,၀ဝဝ/-)ကျပ် (ကျပ်နှစ်ဆယ့် ငါးသိန်းနှစ်သောင်းတိတိ)၊ ဂန်ဂျား‌ကျေးရွာဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံ‌လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆)စု၊ လူဦးရေ (၃၀)ဦးတို့အတွက် ထောက်ပံ့ငွေ (၂၄၀,၀ဝဝ/-) (ကျပ်နှစ်သိန်း‌ လေးသောင်းတိတိ)၊ ကံဆိပ်‌ကျေးရွာဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံ‌လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၃၁)ဦးတို့အတွက် ထောက်ပံ့ငွေ (၄၀၀,၀ဝဝ/-)ကျပ် (ကျပ်‌လေးသိန်းတိတိ)နှင့်စိုင်းတုတ်‌ကျေးရွာဘုန်းကြီး ကျောင်းတွင် ရောက်ရှိခိုလှုံ‌လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု (၅၉)စု၊ လူဦးရေ (၂၀၂)ဦးတို့အတွက် ထောက်ပံ့ငွေ (၂,၃၆၀,၀ဝဝ/-) (ကျပ်နှစ်ဆယ့်သုံးသိန်း‌ခြောက်သောင်းတိတိ)၊ စုစုပေါင်းတိုက်ပွဲရှောင်အိမ်ထောင်စု (၁၃၈)စု၊ လူဦးရေ(၅၀၃) ဦးတို့အတွက် စုစုပေါင်းထောက်ပံငွေ (၅,၅၂၀,၀၀ဝ/-) ကျပ် (ကျပ်ငါးဆယ်ငါးသိန်းနှစ်သောင်းတိတိ)ကို (၂၉-၉-၂၀၂၀) ရက်တွင် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#rke_sep2020

Source:    ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events