Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆက်စပ်ပစ္စည်းများဝယ်ယူရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုသမှုအစီအစဥ် ( COVID-19 Economic Relief Plan- CERP)အရ Facility Quaratine Center အဖြစ်အသုံးပြုနိုင်သည့် ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက် Cyclone Shelter၌ လက်ဆေးဘေစင်(၃)ခု၊ ရေသိုလှောင်ကန် (၁)ကန်၊ ပိုက်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်းအတွက် ထောက်ပံ့ငွေ(၁၅၀၀၀၀၀/-)အား (၂၉-၉-၂၀၂၀)ရက်နေ့ နေ့လယ်(၁၃:၁၆)အချိန်တွင် ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲ​​ပြောင်း​ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

#ar

#rke_sep2020

Source:             ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events