COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 Economic Relief Plan (CERP)အစီအစဉ်အရ တိုက်ပွဲရှောင်စု ရပ်များနှင့် IDP စခန်းများရှိ အိမ်ထောင်စု (၁)စုလျှင်  (၄၀၀၀ဝ/-)နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ  ပေါက်တောမြို့နယ်၊ အနောက်ရဲ IDPစခန်းရှိ အိမ်ထောင်စု (၁၀၁၃)စု၊ လူဦးရေ (၆၆၉၂)ဦးတို့အတွက် ထောက်ပံ့ငွေ (၄၀,၅၂၀,၀ဝဝ/-) (ကျပ်လေးရာ ငါးသိန်းနှစ်သောင်းတိတိ)နှင့် ငှက်ချောင်း IDPစခန်းရှိ အိမ်ထောင်စု (၁၆၂၆)စု၊ လူဦးရေ(၉၂၉၅)ဦးအတွက် ထောက်ပံ့ငွေ (၆၅,၀၄၀,၀၀ဝ/-)(ကျပ်ခြောက်ရာငါးဆယ်လေးသောင်းတိတိ) စုစုပေါင်းအိမ်ထောင်စု (၂၆၃၉)စု၊ လူဦး‌ရေ (၁၅၉၈၇)ဦးတို့ အတွက် စုစုပေါင်း‌ ထောက်ပံ့ငွေ (၁၀၅,၅၆၀,၀၀ဝ/-)(ကျပ်တစ်ထောင့် ငါးဆယ်ငါးသိန်းခြောက်သောင်းတိတိ)ကို (၂၉-၉-၂၀၂၀) ရက်တွင် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#rke_sep2020

Source:    ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events