လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ရွှေကူမြို့၊ နှစ်ခြင်း IDPsစခန်းရှိ အိမ်‌ထောင်စု(၈၄)စု၊ လူဦးရေ(၃၀၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၃၀၆)ခဲနှင့် ကက်သလစ် IDPsစခန်းရှိ အိမ်‌ထောင်စု(၄၂)စု၊ လူဦးရေ(၁၇၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၁၇၆)ခဲ စုစုပေါင်း ထုံး(၂၀)အိတ်၊ ဆပ်ပြာ(၄၈၂)ခဲစသည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #kcn_oct2020 Source:             ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြို့နယ်ရုံး ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ (၆- ၁၀-၂၀၂၀)ရက်နေ့(၁၀:၀၀)အချိန်တွင် လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #krn_oct2020 Source:             လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်​တနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဿဝင်ကျေးရွာ ပြည်တော်သာ ကျေးရွာ ရွှေဖလားကျွန်းကျေးရွာနှင့် ရေပေါ်ကြီးကျေးရွာအုပ်စု ကုလားကုတ်ကျေးရွာတို့၌ (၂၅-၉-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့နေအိမ် (၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၁၀၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုး ရန်ပုံငွေ (၁၀၉၂၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၁၂၀၉၂၀၀/-)အား (၆-၁၀-၂၀၂၀)ရက်နေ့၊ (၁၀:၂၀)အချိန်တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ … Read more

  • ဆပ်ပြာနှင့်ထုံးအိတ်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးခရိုင်ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမောက်မြို့နယ်၊ မိုးမောက်မြို့၊ နှစ်ခြင်းဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၄၀၄)စု၊ လူဦးရေ(၁၉၀၅)ဦးအတွက် paris ဆပ်ပြာ (၁၉၀၅)ခဲနှင့် ထုံးအိတ်(၁၀)အိတ်နှင့် ကက်သလစ်IDPs စခန်းမှ အိမ်ထောင်စု (၈၈)စု၊ လူဉီးရေ (၄၁၄)ဦးတို့အတွက် ဆပ်ပြာ(၄၁၄)နှင့် ထုံး(၁၀)အိတ်တို့အား (၆-၁၀-၂၀၂၀)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #kcn_oct2020 Source:             ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူမှုသဟဇာတဆိုင်ရာ မူဘောင်တစ်ရပ်ပေါ်ပေါက်လာရေး အကြိုညှိနှိုင်း ဆွေးနွေးမှုသတင်း

    အောက်တိုဘာလ (၅) ရက်၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လူမှုသဟဇာတဆိုင်ရာ လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် လူမှုသဟဇာတဆိုင်ရာ မူဘောင် တစ်ရပ် ပေါ်ပေါက်လာရေး ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနတာဝန်ရှိသူများ၊ Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ရေရှည်ပဋိပက္ခ … Read more

  • မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဂျုပ္ပင်ကျေးရွာအုပ်စု၊ဂျုပ္ပင်ကျေးရွာတွင် (၄-၁၀-၂၀၂၀)ရက်နေ့ (၁၄း၄၅) အချိန်၌ မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်အား (၅-၁၀-၂၀၂၀) ရက်နေ့တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သေဆုံးသူ၏ မိသားစုထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mdy_oct2020