လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ရွှေကူမြို့၊ နှစ်ခြင်း IDPsစခန်းရှိ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ(၃၀၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၃၀၆)ခဲနှင့် ကက်သလစ် IDPsစခန်းရှိ အိမ်ထောင်စု(၄၂)စု၊ လူဦးရေ(၁၇၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၁၇၆)ခဲ စုစုပေါင်း ထုံး(၂၀)အိတ်၊ ဆပ်ပြာ(၄၈၂)ခဲစသည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#kcn_oct2020
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)