လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်တနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဿဝင်ကျေးရွာ ပြည်တော်သာ ကျေးရွာ ရွှေဖလားကျွန်းကျေးရွာနှင့် ရေပေါ်ကြီးကျေးရွာအုပ်စု ကုလားကုတ်ကျေးရွာတို့၌ (၂၅-၉-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့နေအိမ် (၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၁၀၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုး ရန်ပုံငွေ (၁၀၉၂၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၁၂၀၉၂၀၀/-)အား (၆-၁၀-၂၀၂၀)ရက်နေ့၊ (၁၀:၂၀)အချိန်တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ််ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_oct2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)