Latest News
-
ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀) ရက်နေ့၌ ဇလွန်မြို့နယ်၊ ရေလဲအုပ်စု၊ ရေလဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၈) လုံး၊ အိမ်ထောင်စု (၈)စုမှ လူဦးရေ (၃၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၉၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၈၆၉၃၀၀/-) ကျပ်အား (၇-၁၀-၂၀၂၀) ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာ၀န်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၂၀) ရက်နေ့၌ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာ၊ လန်တာကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် နံကပ်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ(၃၀)လုံးမှ အိမ်ထောင်စု(၃၀)စုရှိ လူဦးရေ(၁၀၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃၀၀၀၀၀၀-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၂၂၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃၂၂၂၆၀၀/-)ကျပ် ကို (၇-၁၀-၂၀၂၀) ရက်နေ့ (၁၅:၃၀)နာရီ အချိန်တွင် တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_oct2020
-
လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၂၀) ရက်နေ့၌ အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲသောင် ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၈၄၀၀/-) ကျပ်ကို (၇-၁၀- ၂၀၂၀)ရက်နေ့(၁၄:၀၀)နာရီ အချိန်တွင် တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၀-၂၀၂၀) ရက်နေ့၊ နံနက် (၁၅:၀၀) နာရီအချိန်တွင် လွယ်ဂျယ်မြို့ရှိ လီဆူ Idps စခန်းတွင် အိမ်ထောင်စု (၂၁၁)စု၊ လူဦးရေ (၁၂၁၅)ဦး၊ နှစ်ခြင်း IDPs စခန်းတွင် အိမ်ထောင်စု(၃၈)စု၊ လူဦးရေ(၂၄၁)ဦး၊ RC Idps စခန်းတွင် အိမ်ထောင်စု(၆၇)စု ၊လူဦးရေ(၄၁၈)ဦး၊ ဆိုင်းဂျာ Idps စခန်းတွင် အိမ်ထောင်စု(၄၄)စု၊ လူဦးရေ(၂၇၄)ဦး၊ ညောင်နှစ်ပင် Idps စခန်းတွင် အိမ်ထောင်စု (၄၈)စု၊ လူဦးရေ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၀.၂၀၂၀) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့၊ အမှတ်(၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေ၌ (၆.၁၀.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ၇ရက်စာရန်ပုံငွေ (၁၀၅၀၀/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀/-) ကျပ်အား ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆.၁၀.၂၀၂၀)ရက် နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)









