ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၂၀) ရက်နေ့၌ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊‌ ခွေးတောက်ချောင်းကျေးရွာ၊ လန်တာ‌ကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် နံကပ်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ(၃၀)လုံးမှ အိမ်ထောင်စု(၃၀)စုရှိ လူဦးရေ(၁၀၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃၀၀၀၀၀၀-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၂၂၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃၂၂၂၆၀၀/-)ကျပ် ကို (၇-၁၀-၂၀၂၀) ရက်နေ့ (၁၅:၃၀)နာရီ အချိန်တွင်‌ တာ၀န်ရှိသူများနှင့်အတူ‌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#ayy_oct2020

Sign Up

Upcoming Events