
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၂၀) ရက်နေ့၌ ဇလွန်မြို့နယ်၊ ရေလဲအုပ်စု၊ ရေလဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၈) လုံး၊ အိမ်ထောင်စု (၈)စုမှ လူဦးရေ (၃၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၉၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၈၆၉၃၀၀/-) ကျပ်အား (၇-၁၀-၂၀၂၀) ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာ၀န်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_oct2020