လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၀.၂၀၂၀) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့၊ အမှတ်(၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေ၌ (၆.၁၀.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ၇ရက်စာရန်ပုံငွေ (၁၀၅၀၀/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀/-) ကျပ်အား ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_oct2020
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)