ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်​တနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဿဝင်ကျေးရွာ ပြည်တော်သာ ကျေးရွာ ရွှေဖလားကျွန်းကျေးရွာနှင့် ရေပေါ်ကြီးကျေးရွာအုပ်စု ကုလားကုတ်ကျေးရွာတို့၌ (၂၅-၉-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့နေအိမ် (၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၁၀၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုး ရန်ပုံငွေ (၁၀၉၂၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၁၂၀၉၂၀၀/-)အား (၆-၁၀-၂၀၂၀)ရက်နေ့၊ (၁၀:၂၀)အချိန်တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ … Read more

  • ဆပ်ပြာနှင့်ထုံးအိတ်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးခရိုင်ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမောက်မြို့နယ်၊ မိုးမောက်မြို့၊ နှစ်ခြင်းဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၄၀၄)စု၊ လူဦးရေ(၁၉၀၅)ဦးအတွက် paris ဆပ်ပြာ (၁၉၀၅)ခဲနှင့် ထုံးအိတ်(၁၀)အိတ်နှင့် ကက်သလစ်IDPs စခန်းမှ အိမ်ထောင်စု (၈၈)စု၊ လူဉီးရေ (၄၁၄)ဦးတို့အတွက် ဆပ်ပြာ(၄၁၄)နှင့် ထုံး(၁၀)အိတ်တို့အား (၆-၁၀-၂၀၂၀)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #kcn_oct2020 Source:             ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူမှုသဟဇာတဆိုင်ရာ မူဘောင်တစ်ရပ်ပေါ်ပေါက်လာရေး အကြိုညှိနှိုင်း ဆွေးနွေးမှုသတင်း

    အောက်တိုဘာလ (၅) ရက်၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လူမှုသဟဇာတဆိုင်ရာ လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် လူမှုသဟဇာတဆိုင်ရာ မူဘောင် တစ်ရပ် ပေါ်ပေါက်လာရေး ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနတာဝန်ရှိသူများ၊ Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ရေရှည်ပဋိပက္ခ … Read more

  • မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဂျုပ္ပင်ကျေးရွာအုပ်စု၊ဂျုပ္ပင်ကျေးရွာတွင် (၄-၁၀-၂၀၂၀)ရက်နေ့ (၁၄း၄၅) အချိန်၌ မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်အား (၅-၁၀-၂၀၂၀) ရက်နေ့တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သေဆုံးသူ၏ မိသားစုထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mdy_oct2020

  • မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၂၀)ရက်နေ့ (၁၉:၃ဝ) အချိန်၌ သရက်ချောင်းမြို့နယ်၊ ကြာအင်း‌ကျေးရွာအုပ်စု၊ ပန်းဒေါ့ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/- )ကျပ်အား အထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ကြက်‌ခြေနီမှတာဝန်ရှိသူများနှင့်အတူ (၅-၁၀-၂၀၂၀)ရက်နေ့ (၁၀:၃၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါပြီး၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_oct2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်း ကျေးရွာတွင် (၃၀-၉-၂၀၂၀) နေ့ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်း(၁၁၂,၆၀၀) ကျပ်တို့ကို (၃-၁၀-၂၀၂၀) ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe … Read more