လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့တွင် ရေဖြူမြို့နယ်ရှိ ရပ်ကွက်များနှင့် ရေဖြူဈေးများ၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်ရာ ဦးစီးဌာန Logo ပါ Mask များ၊ အဖွဲ့အစည်းများမှ လှူဒါန်းသည့် Hand Gel၊ Face Shield နှင့် ဆပ်ပြာများကို ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)