အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အကြိုလူထုလှုပ်ရှား ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် DRRWG တို့နှင့်ပူးပေါင်း၍ (၁၂-၁၀-၂၀၂၀)ရက်နေ့ (၀၈:၀၀)အချိန်မှ (၁၀:၀၀)နာရီ အချိန်ထိ ၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR) အထိမ်း အမှတ်နေ့ အကြိုလှုပ်ရှားမှုအနေဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ မဲဘောင်စျေးရှေ့၊ စုပေါင်းရုံးရှေ့၊ ရေပေါ်စျေးရှေ့၊ နှစ်ထပ် စျေးကားဂိတ်နှင့် ပြည်ထောင်စုစျေးရှေ့တို့၌ အဝတ်နှာခေါင်းစည်းများ၊ surgical mask များ၊ ဆပ်ပြာများနှင့် hand gel များအား ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_oct2020

Source:   ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events