လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း(CSOs)တို့နှင့်အတူ (၁၂-၁၀-၂၀၂၀)ရက်နေ့၊ (၀၈;၀၀)အချိန်မှ (၀၉;၃၀)အချိန်ထိ ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဈေး(ရှမ်းဈေး)နှင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမတို့တွင် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုဆောင်ရွက်ရာတွင် ဦးစီးဌာန Logo ပါ Mask များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_oct2020
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)