ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၀.၂၀၂၀) ရက်နေ့၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၉.၁၀.၂၀၂၀) ရက်နေ့ (၀၃:၂၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ညောင်တုန်းမြို့ အမှတ်(၂)ရေနံနှင့် သဘာဝ ဓာတ်ငွေ့စက်ရုံမှ ညောင်တုန်း-ကန်ကြီးထောင့်သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု ကြောင့် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၂)စု၊ … Read more

  • COVID -19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၀.၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့်အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အကြိုလူထုလှုပ်ရှားဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ တို့နှင့်အတူ (၁၀-၁၀-၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်၊ သရက်‌ချောင်း မြို့မစျေးနှင့် မြိတ်-ထားဝယ်ကားလမ်းမတို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန logo ပါ Mask ၊ အဖွဲ့အစည်းများမှ လှူဒါန်းသော hand gel ၊ face shield နှင့်ဆပ်ပြာများကို ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #tny_oct2020 … Read more

  • ဒဏ်ရာလူနာအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၂၀)ရက်နေ့ (၁၄:၀၀)ချိန်တွင် နမ့်ဆန်မြို့နယ်၊ကောင်းကလောကျေးရွာအုပ်စု၊ ငွန်စပိတ်ကျေးရွာနေ လက်နက်ကြီးကျည်ဆံထိမှန်ရာမှ ဒဏ်ရာရ လူနာနှင့် မိုင်းထိဒဏ်ရာရ လူနာတို့အတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်အား (၁၀-၁၀-၂၀၂၀)ရက်နေ့တွင် လားရှိုးဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_oct2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၇/၂၀၂၀)

    ========================================= (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၁ ရက်) ================================== (မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================== လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် အခြေအနေ ===================================== ၁။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ နောက်(၁၂) နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် ================== ၂။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ … Read more

  • လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ်(၀၆/၂၀၂၀)

    ========================================= (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက်) ================================= (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================== လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် အခြေအနေ ==================================== ၁။ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်း ရပါသည်။ သတိပေးနှိုးဆော်ချက် ============== ၂။ … Read more