ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်း‌ေဒသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု၊ မဲတင်ကျေးရွာတွင် (၁၄-၁၀-၂၀၂၀) ရက်နေ့ (၂၀:၄၅) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ လူဦးရေ(၂၁)ဦးအတွက် အဝတ် Mask (၄၂) ခု၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၄,၁၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၄၄၄,၁၀၀) ကျပ်အား (၁၆-၁၀-၂၀၂၀) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာ၀န်ရှိသူများနှင့်အတူ ကရားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#sgg_oct2020

Sign Up

Upcoming Events