လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၁၅-၁၀-၂၀၂၀)ရက်နေ့ (၂၁:ဝဝ)နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ ကျသောင်းတောင်ကျေးရွာအုပ်စု၊ ကျးတန်းကူးကျေးရွာမှ လေဘေးသင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၇၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၇၄,၂၀ဝ/-)ကျပ်တို့အား (၁၆-၁၀-၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#npw_oct2020
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events