လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာ၌ (၁၅-၁၀-၂၀၂၀)ရက်နေ့၊ (၂၁:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၅,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦး ရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၃၁,၃၀ဝ/-)ကျပ်တို့အား (၁၆-၁၀-၂၀၂၀)ရက်နေ့၊(၁၄:၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#npw_oct2020
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events