Latest News
-
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုလူထုလှုပ်ရှားမှုဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၀-၂၀၂၀) ရက်နေ့၌ ရှင်သန်ခြင်းရဟိတအသင်း၊ မေတ္တာရှင်ပရဟိတအသင်း၊ Christian Baptist Myeik ကျန်းမာရေးအထောက်အကူပြုပရဟိတအသင်းတို့နှင့်အတူ မြိတ်မြို့ပေါ်ရှိ လူစည်းကားရာနေရာ တို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထု လှုပ်ရှားမှု ဆောင်ရွက်ရာ IDDR Day အထိမ်းအမှတ် maskများ၊ လက်ကမ်းစာစောင်များအား ဝေငှခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #tny_oct2020
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကန်သာယာစျေးအတွင်းရှိ ပြည်သူများအား ဦးစီးဌာနမှ ဌာန logo ပါ Mask များကို ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_oct2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၀) ရက်နေ့တွင် ညနေ (၁၆:၀၀) နာရီအချိန်၌ ပန်းတောင်း မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သရက်လိန်အုပ်စု၊ တက်သစ်ကျွန်းရွာတွင် အမိုးလန်နေအိမ်(၁)လုံး၊ ဆင်တဲအုပ်စု၊ ဆင်တဲကျေးရွာတွင် အမိုးလန်လူနေအိမ်(၈၉)လုံး၊ ပြိုလဲလူနေအိမ်(၂)လုံး၊ စုစုပေါင်းအမိုးလန်နေအိမ်(၉၀)လုံးနှင့် ပြိုလဲနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၆၅၂၀ဝ/-)ကျပ်၊ လူဦးရေ(၃၁၂)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ(၆၅၅၂၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၄၂၀၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ပလပ်စတစ်ပုံးပါ (၂)ပုံး တို့အား (၁၂-၁၀-၂၀၂၀)ရက်နေ့ နေ့လည်(၁၅:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ … Read more
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုအဖြစ် (၁၂-၁၀-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာခရိုင်အထွေထေွအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ မိတ္ထီလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သာစည်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနတို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း Mask နှင့် လက်ဆေးဆပ်ပြာများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mdy_oct2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အနေဖြင့် ဦးစီးဌာန Logo ပါ Mask များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကရုဏာလူမှု ကူညီရေးအသင်းတို့နှင့်ပူးပေါင်း၍ ၂၀၂၀ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန Logoပါ Mask (၃၀၀) အား (၁၃-၁၀-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် ကလေးမြို့၊ မြို့မဈေး၌ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_oct2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုလူထု လှုပ်ရှားဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိ ဗန်းမော်မြို့နယ်၌ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန Logo ပါ Mask များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_oct2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









