လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

~~~~~~~~~
Source: MOSWRR
~~~~~~~~~
အောက်တိုဘာလ ၂၁၊ နေပြည်တော်
~~~~~~~~~
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ video conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
 
အစည်းအဝေးတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) ကို နိုင်ငံတော်သမ္မတရုံးမှ (၁၀.၈.၂၀၂၀) ရက်နေ့တွင် အတည်ပြုပြီးဖြစ်ပါကြောင်း၊ (၉.၉.၂၀၂၀) ရက်နေ့တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ သတ္တမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ပြီး (၂၁.၉.၂၀၂၀) ရက်နေ့တွင်လည်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီနှင့် UNICEF တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါကြောင်း၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် တိုင်ကြားမှုများလက်ခံစိစစ်ရေးရုံးအဖွဲ့ ဖွဲ့စည်းခြင်း၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကို အသိပေးထုတ်ပြန်ခြင်း၊ တိုင်ကြားနိုင်ရန်အတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်ရုံးများ၊ အခြားအဖွဲ့အစည်းများဖြစ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီများသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုတစ်ရပ်အနေဖြင့် (၁၅.၉.၂၀၂၀) ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်း/ တပ်မ/ ကွပ်ကဲမှုဌာနချုပ်များသို့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများ မပြုလုပ်စေရန်နှင့် တပ်မတော်သားများအနေဖြင့် ကျူးလွန်ခြင်းများ ဖြစ်ပွားလာပါက စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ကို ထပ်ဆင့်ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှလည်း ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးအတွက် အဓိကကျသည့် လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) အရ ဖွဲ့စည်းမည့် စောင့်ကြည့်စစ်ဆေးရေးနှင့် အကဲဖြတ်ရေးလုပ်ငန်းကော်မတီ (Monitoring and Evaluation Committee) ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးအတွက် IEC Material များကို ဖြန့်ဝေနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့ လက်မှတ်ရေးထိုးထားသည့် Multi – Year Work Plan အောက်မှ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုးတက်မှုရှိရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
 
ထို့နောက် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီအတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ဆောင်ရွက်ထားရှိမှုများနှင့် အမျိုးသားအဆင့်တိုင်ကြားမှုယန္တရားအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။
 
တက်ရောက်လာသူများမှ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) အား အကောင်အထည်ဖော် နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
 
အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတ်မှတ်ထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု (၆) ရပ် (Six Grave Violations) ဖြစ်သည့် ကလေးသူငယ်များအား သေကျေထိခိုက်ဒဏ်ရာရစေခြင်း၊ အရွယ်မရောက်သေးသူများအား လက်နက်ကိုင်အဖွဲ့များသို့ စုဆောင်းခြင်း၊ ကျောင်းနှင့် ဆေးရုံများအား တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခြင်း၊ ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်းနှင့် ကလေးသူငယ်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပိတ်ပင်ခြင်းတို့ကို ကာကွယ်တားဆီးရန်အတွက် ရည်ရွယ်ပြီး “လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ” ကို နိုင်ငံတော်အစိုးရက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events