Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၀-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား ပျဉ်းမနားမြို့နယ်၊ ယောက်သွားအင်းရပ်ကွက်၊ အောင် မင်္ဂလာရပ်ကွက်၊ ကံဦးရပ်ကွက်၊ တောင်သာရပ်ကွက်၊ ရန်အောင်(၁)ရပ်ကွက်၊ ရန်အောင် (၂)ရပ်ကွက်၊ တပ်ပိုးရပ်ကွက်၊ ရွှေကြည်ရပ်ကွက်တို့ရှိ ပြည်သူများအား အသိပညာပေးခြင်း များကို ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#npw_oct2020
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events