လေပြင်းဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာ အုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာနှင့် ဦးပေကျေးရွာတို့၌(၂၀-၁၀-၂၀၂၀) ရက်နေ့တွင်လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်မှုကြောင့် တစိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁၅၂)လုံးနှင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၄၂၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၆၈၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ (၁,၄၃၂,၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆,၈၅၂,၂၀ဝ/-)ကျပ် နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာတို့အား (၂၁-၁၀-၂၀၂၀) ရက်နေ့၊ နေ့လည်(၂:၀၇)နာရီအချိန်တွင် နောက်မီးကျေးရွာအုပ်ချုပ်ရေးရုံး၌ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_sgw
#ayy_oct2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events