လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျွဲဇင်းကျေး ရွာအုပ်စု၊ ‌‌ငှက်ပျောတောကျေးရွာတွင် (၂၇-၁၀-၂၀၂၀) ရက်နေ့တွင် လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သောအိမ်‌ခြေ (၂) လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀,၀၀၀) ကျပ်၊ ၄င်းအိမ်ထောင်စု (၂) စုရှိလူဦးရေ (၆) ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၉၂,၆၀၀) ကျပ်ကို (၂၈-၁၀-၂၀၂၀) ရက်နေ့(၁၅:၃၀) နာရီ အချိန်တွင်‌ တာ၀န်ရှိသူများနှင့်အတူ‌ ဘေးသင့်ပြည်သူများ … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဘိုးဘွားရိပ်သာများတွင် စောင့်ရှောက်ထားသော သက်ကြီးရွယ်အိုများအား COVID-19 ကပ်ရောဂါဘေးမှကင်းဝေးရေးနှင့် မသန်စွမ်းနှင့် ခိုကိုးရာမဲ့ ဘိုးဘွားများအား ကူညီထောက်ပံ့ခြင်းဆိုင်ရာ Online ဆွေးနွေးပွဲတက်ရောက်

      အောက်တိုဘာ ၂၈၊ နေပြည်တော်   COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေသည့်ကာလအတွင်း ဘိုးဘွားရိပ်သာ များတွင် လက်ခံစောင့်ရှောက်ထားသော သက်ကြီးရွယ်အိုများအား စနစ်တကျပြုစုစောင့်ရှောက် ရန်နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို  Video Conferencing စနစ်အသုံးပြု၍ ရိပ်သာတာဝန်ခံ များ၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူများဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လက်တလောဖြစ်ပွား နေသည့် COVID-19 ကူးစက်ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေကြောင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံနေရနေသူများလည်းရှိကြောင်း၊ ထို့ကြောင့် မိမိကိုယ်အတွင်း ရောဂါပိုးရှိနိုင်သည်ဟု … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ နောက်မီး ကျေးရွာအုပ်စု၊ နောက်မီးကျေးရွာနှင့် ဝက်လဟာအုပ်စု၊ ကညင်တပင်‌ကျေးရွာတွင် (၂၆-၁၀-၂၀၂၀) ရက်နေ့ ကမ်းပြိုမှု‌ကြောင့် ‌ကြိုတင်‌ရွှေ့ပြောင်းခဲ့ရသော ဘုန်း‌တော်ကြီး‌ ကျောင်း (၁) ဆောင်၊ အိမ်ခြေ (၂) လုံး ပျက်စီးမှုအတွက် ကျောင်းဆောင်ထောက်ပံ့မှုအတွက် (၁၀၀,၀၀၀) ကျပ် အိမ်‌ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀) ကျပ်၊ အိမ်ထောင် စု (၂) စုရှိ လူဦးရေ(၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ … Read more

  • COVID-19 ရောဂါ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာ၊ စိုက်ကွင်း (၃) ကျေးရွာ၊ ဒေါဆန်းဘွန်းကျေးရွာများရှိ ပြည်သူများအား (COVID-19) ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန် များကို အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_oct2020     Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာခြင်းဆက် မြေသားလမ်းအား ကျောက်ရော မြေခင်းပေးနိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအုပ်စုတွင် စမိုးချောင်း (သစ်) ကျိုးပြတ် ခဲ့မှုကြောင့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာခြင်းဆက် မြေသားလမ်းအား ကျောက်ရောမြေခင်းပေးနိုင်ပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ရေတာရှည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၈-၁၀-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းကြည့် ရှု့စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #bgo_oct2020 Source: ဗန်းမော်ခရိုင်စီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဖရူဆိုမြို့ နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၀-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါဆီးခူ ကျေးရွာ၊ ဒေါကလော်လဲကျေးရွာ၊ ဒေါသဲကျေးရွာ၊ ခိုးရားခူကျေးရွာများရှိ ပြည်သူများအား (COVID-19) ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_oct2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)