လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ နောက်မီး ကျေးရွာအုပ်စု၊ နောက်မီးကျေးရွာနှင့် ဝက်လဟာအုပ်စု၊ ကညင်တပင်ကျေးရွာတွင် (၂၆-၁၀-၂၀၂၀) ရက်နေ့ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော ဘုန်းတော်ကြီး ကျောင်း (၁) ဆောင်၊ အိမ်ခြေ (၂) လုံး ပျက်စီးမှုအတွက် ကျောင်းဆောင်ထောက်ပံ့မှုအတွက် (၁၀၀,၀၀၀) ကျပ် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀) ကျပ်၊ အိမ်ထောင် စု (၂) စုရှိ လူဦးရေ(၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀) ကျပ် စုစုပေါင်း ရန်ပုံငွေ (၃၁၆,၈၀၀) ကျပ်အား (၂၈-၁၀-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် တာ၀န် ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_oct2020
Source: အင်္ဂပူမြို့နယ်စီးမှူးရုံး (ဘစမ)