လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျွဲဇင်းကျေး ရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် (၂၇-၁၀-၂၀၂၀) ရက်နေ့တွင် လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သောအိမ်ခြေ (၂) လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀,၀၀၀) ကျပ်၊ ၄င်းအိမ်ထောင်စု (၂) စုရှိလူဦးရေ (၆) ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၉၂,၆၀၀) ကျပ်ကို (၂၈-၁၀-၂၀၂၀) ရက်နေ့(၁၅:၃၀) နာရီ အချိန်တွင် တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_oct2020
Source: အင်္ဂပူမြို့နယ်စီးမှူးရုံး (ဘစမ)