Latest News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာနှင့် ဘုရားမဲကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
အပူပိုင်းမုန်းတိုင်း ”နိုလ်” ၏အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းရိုတ်ခက်ကာ ပျက်စီးသွားခဲ့သည့် ကမ်းနားကွန်ကရစ်လမ်းအား ပြန်လည်တည်ဆောက်ရန် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့မှ (၂၀-၉-၂၀၂၀) ရက်နေ့အတွင်း အပူပိုင်းမုန်းတိုင်း ”နိုလ်” ၏အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းရိုတ်ခက်ကာ ပျက်စီးသွားခဲ့သည့် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာရှိ ကမ်းနားကွန်ကရစ်လမ်းအား ပြန်လည်တည်ဆောက်ရန် စုစုပေါင်းထောက်ပံ့ငွေ (၃၃,၆၀၀,၀၀၀/-)ကျပ်အား (၁၇-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ကျွန်းစုမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_str #tny_nov2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၂၀) ရက်နေ့၌ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ အရှေ့ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံငွေ(၂၀၈၄၀၀/-)ကျပ်နှင့် (၃၄၇၅၃) တနိဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ(၁)အိမ်ထောင်စာကို (၁၆-၁၁-၂၀၂၀) ရက်နေ့ (၁၅း၀၀) အချိန်တွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ဘေးသင့်ပြည်သူများ … Read more
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့နယ်ကြက်ခြေနီအသင်း၊ မိတ်ဆွေမြန်မာတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ လွယ်တောက်ကျေးရွာအုပ်စု၊ ဆယ်မိုင်ကွေ့ကျေးရွာ၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး လက်ဆေးဆပ်ပြာ၊ Mask နှင့် လက်ကမ်းစာစောင် များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_nov2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့နယ်၊ ဟဲပုကျေးရွာ၊ ချောင်းဆာကျေးရွာ၊ မန်ဝိန်းကျေးရွာများအတွင်း COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်းများမှ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၄) ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၈၅၅)စု၊ လူဦးရေ (၄၅၉၃)ဦးအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်(၆၇၀)အိတ်၊ ဆီ(၈၅၅)ပိဿာ၊ ဆား(၄၄၃)ပိဿာ၊ ကုလားပဲ(၈၅၅)ပိဿာ (၁၄)ရက်စာအား ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_nov2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









