လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၄) ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၈၅၅)စု၊ လူဦးရေ (၄၅၉၃)ဦးအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်(၆၇၀)အိတ်၊ ဆီ(၈၅၅)ပိဿာ၊ ဆား(၄၄၃)ပိဿာ၊ ကုလားပဲ(၈၅၅)ပိဿာ (၁၄)ရက်စာအား ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)