မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၂၀) ရက်နေ့၌ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ အရှေ့ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံငွေ(၂၀၈၄၀၀/-)ကျပ်နှင့် (၃၄၇၅၃) တနိဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ(၁)အိမ်ထောင်စာကို (၁၆-၁၁-၂၀၂၀) ရက်နေ့ (၁၅း၀၀) အချိန်တွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ် သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#tny_nov2020

Sign Up

Upcoming Events