အပူပိုင်းမုန်းတိုင်း ”နိုလ်” ၏အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းရိုတ်ခက်ကာ ပျက်စီးသွားခဲ့သည့် ကမ်းနားကွန်ကရစ်လမ်းအား ပြန်လည်တည်ဆောက်ရန် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့မှ (၂၀-၉-၂၀၂၀) ရက်နေ့အတွင်း အပူပိုင်းမုန်းတိုင်း ”နိုလ်” ၏အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းရိုတ်ခက်ကာ ပျက်စီးသွားခဲ့သည့် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာရှိ ကမ်းနားကွန်ကရစ်လမ်းအား ပြန်လည်တည်ဆောက်ရန် စုစုပေါင်းထောက်ပံ့ငွေ (၃၃,၆၀၀,၀၀၀/-)ကျပ်အား (၁၇-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ကျွန်းစုမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_str
#tny_nov2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events