Latest News
-
အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်ဆိုင်ရာအာမခံလုပ်ငန်းစီမံကိန်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
ဖေဖော်ဝါရီ၅၊ နေပြည်တော် ဘေးအန္တရာယ်ဖြစ်ပွားသည့်ဒေသများရှိ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို အချိန်တိုအတွင်းပြန်လည်ထူထောင်နိုင်ရေးအတွက် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်းနှင့်စပ်လျဉ်းသည့်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်စကားပြောကြားရာ၌ ယနေ့အစည်းအဝေးသည် ဒုတိယ သမ္မတ(၂) ဦးဆောင်သော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင် ရေးဦးဆောင်အဖွဲ့စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့် ဆက်စပ်ပါကြောင်း၊ ဘေးအန္တရာယ် ဖြစ်ပွားသည့် ဒေသများမှာရှိသည့် တောင်သူလယ်သမားများ၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း များကို အချိန်တိုအတွင်း ပြည်လည်ထူထောင်နိုင်ရေး … Read more
-
သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအတွက် အကြိုညှိနှိိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ရွှေကျင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရေဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် အကြိုညှိနှိိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #simex #bgo_feb2020
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ(LIFT) အဖွဲ့နှင့်တွေ့ဆုံမှုသတင်း
ဖေဖော်ဝါရီ ၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အသက်မွေးဝမ်းကျောင်းမှုနှင့်စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ(LIFT) အဖွဲ့၏ Fund Director ဖြစ်သူ Katy Weblay ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာပါ အဓိကလုပ်ငန်းစဉ် (၈)ခုအနက် အရေးပါဆုံးဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ( MCCT)ကို … Read more
-
သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့ နံနက် (၁၁:၃၀) မှမွန်းလွဲ (၁၅:၀၀) ထိ မိုင်းဖြတ်မြို့နယ်၊ ဟကြားမုဒိကျေးရွာတွင် မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်သစ်တောဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ပြုလုပ် ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝ ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ၊ ထောက်ပံ့နှုန်းထားများ စသည့်အသိပညာများအား တတ်ရောက်လာသူ ကျေးရွာသူ/ ကျေးရွာသား (၅၀) ဦးတို့အား ဟောပြောဆွေးနွေးခဲ့ပြီ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #shn_feb2020 Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅း၀၀) နာရီထိ ကျိုင်းတုံမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးစခန်းသင်တန်း၌ သင်တန်းသား (၅၀) ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး၊ အဆိုပါဟောပြောပွဲ သို့ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb … Read more
-
Multipurpose Shelter လွှဲပြောင်းလက်ခံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ဘိုကလေးမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဟေမာန် ကျေးရွာအုပ်စု၊ ကျုံလွတ်ကြီးကျေးရွာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံ ငွေဖြင့် WYT Construction Companyမှတာဝန်ယူတည်ဆောက်နေသော Multipurpose Shelter (၁၀၀) ရာခိုင် နှုန်းပြီးစီးမှုအခြေအနေနှင့် လွှဲပြောင်းလက်ခံမှုအခြေအနေများကိုမြို့နယ်ကော်မတီအဖွဲ့/ကျေးရွာ ကော်မတီအဖွဲ့ တို့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_feb2020 Source: ဘိုကလေးမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)









