Latest News
-
သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက် နေ့၊ (၀၉:၃၀) ချိန်မှ (၁၁:၀၀) အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ အ-မ-က(မူလွန်) ဝဲကြီးစာသင် ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူ နေထိုင်ရမည်ကို ကျောင်းသား/ သူ (၂၆၅) ဦးအား သရုပ်ပြခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့်မုန့်များ ဖြန့်ဝေပေး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၂-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီမှ(၁၀:၃၀)နာရီအချိန်ထိ ဟိုပန်မြို့နယ် မော်ဟွေ့အခြေခံပညာ မူလတန်းလွန်ကျောင်း ၌ ကျောင်းသား/သူ (၁၂၀)ဦးခန့်အားတက်ရောက်ခဲ့ပြီး နေ့လည်ပိုင်း (၀၁:၀၀)နာရီမှ (၀၂:၃၀) နာရီ အချိန်ထိ ဟိုပန်မြို့နယ် နောင်ဟေ့ခြေခံပညာမူလတန်းလွန်ကျောင်း၌ စုစုပေါင်းအင်အား (၈၀)ဦး ခန့်တက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန်များကိုဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားများကို လက်တွေ့သရုပ်ပြခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb2020
-
မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးအုပ်စု၊ ရွာသစ်ကျေးရွာ၊ တိုက်နယ်ဆေးရုံရှေ့ လမ်းမကြီးဘေးတွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သိရှိရပါသည်။ #ayy_feb2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (ဘစမ)
-
မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၂-၂၀၂၀)ရက်နေ့၊ (၀၅:၁၅)အချိန်တွင် ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု အမှတ်(၂)ရပ်၌ ဖြစ်ပွားခဲ့သော မီးလောင် ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၁)အိမ် ထောင်စာစုစုပေါင်းတန်ဖိုးငွေ(၃၇၃၅၃/-)ကျပ် အဆိုပါ နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃)ဦး အတွက် (၇)ရက် စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ(၂၀၆၃၀၀/-)ကျပ်တို့အား (၅-၂-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) အချိန်တွင် ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး … Read more
-
ပြည်သူလူထုအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်ခရိုင်ဦးစီးမှူးရုံးမှ (၅.၂.၂၀၂၀ )ရက်နေ့တွင် (၁၁း၀၀)နာရီအချိန်တွင် ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက် ၌ သဘာဝဘေးအန္တရာယ်မြေငလျင်နှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ရာ ဆရာ/ပြည်သူလူထု(၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ထိုတက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_feb2020 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ပဒတ်ကျေးရွာအုပ်စု၊ ပဒတ်ကျေးရွာတွင် ကျေးရွာနေ ပြည်သူ/သား (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)









