လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ဘိုကလေးမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဟေမာန် ကျေးရွာအုပ်စု၊ ကျုံလွတ်ကြီးကျေးရွာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံ ငွေဖြင့် WYT Construction Companyမှတာဝန်ယူတည်ဆောက်နေသော Multipurpose Shelter (၁၀၀) ရာခိုင် နှုန်းပြီးစီးမှုအခြေအနေနှင့် လွှဲပြောင်းလက်ခံမှုအခြေအနေများကိုမြို့နယ်ကော်မတီအဖွဲ့/ကျေးရွာ ကော်မတီအဖွဲ့ တို့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဘိုကလေးမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)