
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့ နံနက် (၁၁:၃၀) မှမွန်းလွဲ (၁၅:၀၀) ထိ မိုင်းဖြတ်မြို့နယ်၊ ဟကြားမုဒိကျေးရွာတွင် မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်သစ်တောဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ပြုလုပ် ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝ ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ၊ ထောက်ပံ့နှုန်းထားများ စသည့်အသိပညာများအား တတ်ရောက်လာသူ ကျေးရွာသူ/ ကျေးရွာသား (၅၀) ဦးတို့အား ဟောပြောဆွေးနွေးခဲ့ပြီ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။
#ar
#shn_feb2020
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)