Latest News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီအချိန်မှ(၁၅:၀၀)နာရီအချိန်ထိ တမူးမြို့၊ မြို့မဘုန်းကြီးကျောင်းတိုက်တွင် တမူးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သော “ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခမဲ့)သင်တန်း”မှ သင်တန်းသူ စုစုပေါင်း(၃၂)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb 2020 Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၂.၂၀၂၀) ရက်နေ့တွင် ပုလဲမြို့ ကံပေါက်ကျးရွာ အလယ်တန်းကျောင်း၌သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ ဆရာမ (၁၀)ဦး နှင့် ကျောင်းသားကျောင်းသူ(၂၃၈) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Mon state DRR Working group တို့ပူးပေါင်း၍ MAPDDR(2017)ပါ သဘာဝဘေးကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို (၅-၂-၂၀၂၀) ရက်နေ့(၉:၀၀)အချိန်၌ Hotel KS တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ NGO၊ INGO များ စုစုပေါင်း အင်အား (၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို (၅-၂-၂၀၂၀)ရက်နေ့မှ (၆-၂-၂၀၂၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည် #ar #mon_feb 2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း(၅/၂ဝ၂ဝ)ဖွင့်လှစ်မှုနှင့်အနာကျက်ဆေးရည်၊ ရေသန့်ဆေးပြားများထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်း(၅/၂ဝ၂ဝ)ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ မြိုင်မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းများ စုစုပေါင်း(၇ဝ)ဦး တက်ရောက်ခဲ့ပြီးအဆိုပါအခမ်းအနား၌ မြိုင်မြို့နယ်၊ ပေါက်ရင်း ကျေးရွာနှင့်ငလင်းစေ့ကျေးရွာတို့မှ ပြောင်းရွှေ့အိမ်ထောင်စု(၁၆၈)စုအတွက် အနာကျက်ဆေးရည် (၁၀၀)ဘူး၊ ရေသန့်ဆေးပြား(၉၀၀၀)တို့အား မြိုင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်အထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အ-ထ-က(ကာဘိုး)ကျောင်းရှိ ကျောင်းသူ/ကျောင်းသား(၃၅၀)ဦးတို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောနွေးခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_feb 2020
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ (၃.၂.၂၀၂၀)ရက်တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ ဓမ္မာရာမကျောင်းတိုက်သို့ ထပ်တိုးရောက်ရှိယာယီခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာဖိုးငွေ(၂၉၄၀၀ိ/-)အား (၅.၂.၂၀၂၀)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_feb2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)









