သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်    (၅-၂-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅း၀၀) နာရီထိ ကျိုင်းတုံမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးစခန်းသင်တန်း၌ သင်တန်းသား (၅၀) ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး၊ အဆိုပါဟောပြောပွဲ သို့ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင် သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#shn_feb 2020

 

Sign Up

Upcoming Events