Latest News
-
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးဒဏ်ခံရသူများအား ထောက်ပံ့ မှုများဆောင်ရွက်လျက်ရှိ
ဧပြီလ ၁၇ ရက်၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး လေပြင်းတိုက်ခတ်မှုများကြောင့် အိုးအိမ်ထိခိုက်ပျက်စီးမှုများကို နှစ်စဉ် ကြုံတွေ့ရလျက်ရှိပါသည်။ ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ (၁၂-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝန်းသို၊ ကသာ၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များ၌ စုစုပေါင်း နေအိမ် (၉၅) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်း၊ (၁၅-၄-၂၀၂၀)နေ့တွင် ကောလင်း၊ ဖောင်းပြင်၊ ကလေးဝ၊ အင်းတော်၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ … Read more
-
IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် IDPစခန်းများ နှင့် တိုက်ပွဲရှောင် စခန်းများတွင်နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူ များအားCOVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၁၆-၄-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်းရှိ အိမ်ထောင်စု (၁၀၀၀) စုနှင့် ဆေးသမားကြီး IDP စခန်းရှိ အိမ်ထောင်စု (၁၈၂၃) စုတို့အတွက် ဆပ်ပြာတောင့် ၂၈၂၃ တောင့်၊ Mask (၅၆၄၆)ခုနှင့် … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှ စတင်ပြီး မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်အုပ်စု၊ မျှင်ဝါးတောင်ကျေးရွာနှင့် ဘန့်ဘွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_apr2020
-
Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ ဒူကထောင်နယ်မြေ ၄/၅/၁၄၊ လယ်ကုန်းမလိယန်၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင် IDPs စခန်းများရှိအိမ်ထောင်စု စုစုပေါင်း (၃၆၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာ(၂)ခဲ့၊ mask(၂)ခုနှုန်းနှင့် ဆပ်ပြာ(၇၂၄)ခဲ၊ mask(၇၂၄)ခု တို့အား သွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၇:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာအုပ်စု၊ နန်းဩကျေးရွာ၊ ဒိုးပင်ခုံကျေးရွာ၊ သိုက်ချောင်းကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာ၊ မရင်းကြီးကျေးရွာ၊ တဲကုန်းကျေးရွာ၊ အင်ပင်ခုံကျေးရွာ၊ အင်းသာကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ရင်ကွဲပင်ကျေးရွာ၊ ဝင်ပြန်ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁,၃,၅)ရပ်ကွက်၊ သရက်ခြံကျေးရွာ၊ ပေါက်တန်းကျေးရွာ၊ ဒိတ်ကုန်းကျေးရွာများတွင် လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ဆပုဂံကျေးရွာအုပ်စု၊ ထမ္မနိုင်ကျေးရွာအုပ်စု၊ မဝန်းကျေးရွာအုပ်စု၊ ကိုးထောင်ကျေးရွာအုပ်စု၊ကျွဲလူးအိုင်ကျေးရွာအုပ်စုတို့တွင်လည်းကောင်း Covid19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍အများပြည်သူများသိရှိလိုက်နာရန်အချက်များအားကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောအသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန မှထုတ်ပြန်ထားသောဥပဒေများကိုလိုက်နာရန်အသိပေးကြေငြာချက်များအားအရာထမ်းအမှုထမ်းများမှရပ်ကွက်များအတွင်းသက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မီးသတ်ဦးစီးဌာန ၊မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများနှင့်အတူ ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_apr2020









