ဧပြီလ ၁၇ ရက်၊ နေပြည်တော်
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး လေပြင်းတိုက်ခတ်မှုများကြောင့် အိုးအိမ်ထိခိုက်ပျက်စီးမှုများကို နှစ်စဉ် ကြုံတွေ့ရလျက်ရှိပါသည်။
ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ (၁၂-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝန်းသို၊ ကသာ၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များ၌ စုစုပေါင်း နေအိမ် (၉၅) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်း၊ (၁၅-၄-၂၀၂၀)နေ့တွင် ကောလင်း၊ ဖောင်းပြင်၊ ကလေးဝ၊ အင်းတော်၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ ဝန်းသိုမြို့နယ်တို့၌ နေအိမ်(၇၇)လုံးနှင့် ဘုန်းကြီးကျောင်း(၃) ကျောင်း၊ (၁၆-၄-၂၀၂၀)နေ့တွင် မင်းကင်းမြို့နယ်၌ နေအိမ်(၅၆)လုံး၊ စုစုပေါင်း နေအိမ်(၂၂၈)လုံးနှင့် ဘုန်းကြီးကျောင်း(၅)ကျောင်းတို့ အမိုးအကာလန်ပျက်စီးခဲ့ပါသည်။
အလားတူ (၁၆-၄-၂၀၂၀)နေ့က လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် နေအိမ် (၁၈၄)လုံး၊ ပေါက်မြို့တွင် နေအိမ်(၁၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း၊ မင်းဘူးမြို့တွင် နေအိမ်(၁၀)လုံး၊ စလင်းမြို့တွင် နေအိမ်(၅)လုံး၊ စုစုပေါင်းနေအိမ်(၂၁၄)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့ အမိုး၊ အကာလန်ပျက်စီးခဲ့ပါသည်။
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများသည် လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာနေရာများသို့ သွား ရောက်လျက် ထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ ဆန်ရိက္ခာဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ စုစုပေါင်း (၁၄,၂၀၀,၀၀၀/-) ကျော် (ကျပ်တစ်ရာ လေးဆယ့်နှစ်သိန်းကျော်) ကို အချိန်နှင့်တပြေးညီ ထောက်ပံ့ထားရှိပြီး ထောက်ပံ့မှုများဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန် စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့နှင့်ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်းလည်း သိရှိရပါသည်။
#ha_sgw
#sgg_apr2020
#mgy_apr2020
Source: MSWRR