လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် IDPစခန်းများ နှင့် တိုက်ပွဲရှောင် စခန်းများတွင်နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူ များအားCOVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၁၆-၄-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်းရှိ အိမ်ထောင်စု (၁၀၀၀) စုနှင့် ဆေးသမားကြီး IDP စခန်းရှိ အိမ်ထောင်စု (၁၈၂၃) စုတို့အတွက် ဆပ်ပြာတောင့် ၂၈၂၃ တောင့်၊ Mask (၅၆၄၆)ခုနှင့် စခန်း (၁)ခုလျှင်Infrared Thermometer (၁) ခုနှုန်းဖြင့် စုစုပေါင်း (၂) ခုကိုထောက်ပံ့ ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ခါနန်လီဆူနှစ်ချင်း IDP စခန်း၊ မော်ဖောင်းလော်ဝေါ် IDP စခန်းနှင့် စိန်ဂျွန်းကက်သလစ် IDP စခန်းများတွင် COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ကြောက်ရွံ့မှုလွန်ကဲခြင်း၊ သံသယလွန်ကဲခြင်း စသည့်စိတ်ဖိစီးမှုများ ခံစားရနိုင်ပါက စိတ်ဓါတ် ရေးရာမြှင့်တင်ပေးမှုနှင့်နှစ်သိမ့်ဆွေးနွေး ခြင်းများကို ဆက်သွယ်ရေး အော်ပရေတာ (၄)ခုဖြင့် နေ့စဉ်နံနက်(၀၉:၃၀) နာရီမှ ညနေ (၁၆:၃၀) နာရီအထိ အခမဲ့ဝန်ဆောင်မှု များ ပေးလျက်ရှိပါ ကြောင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စရပ်များနှင့် ပတ်သက်၍ ကာယကံရှင် ကိုယ်တိုင်သော်လည်းကောင်း၊ သိရှိသူပြည်သူများမှ လည်းကောင်း၊ တယ်လီဖုန်းနံပါတ် ၀၆၇-၄၀၄၂၂၂ နှင့် ၀၆၇-၄၀၄၉၉၉ သို့ ယုံကြည်စိတ်ချစွာ တိုင်ကြားနိုင်ကြောင်း ပိုစတာများကပ်၍ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။
#ar
#rke_apr2020
#kcn_apr2020
Source: MSWRR