Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁,၃,၅)ရပ်ကွက်၊ သရက်ခြံကျေးရွာ၊ ပေါက်တန်းကျေးရွာ၊ ဒိတ်ကုန်းကျေးရွာများတွင် လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ဆပုဂံကျေးရွာအုပ်စု၊ ထမ္မနိုင်ကျေးရွာအုပ်စု၊ မဝန်းကျေးရွာအုပ်စု၊ ကိုးထောင်ကျေးရွာအုပ်စု၊ကျွဲလူးအိုင်ကျေးရွာအုပ်စုတို့တွင်လည်းကောင်း Covid19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍အများပြည်သူများသိရှိလိုက်နာရန်အချက်များအားကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောအသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန မှထုတ်ပြန်ထားသောဥပဒေများကိုလိုက်နာရန်အသိပေးကြေငြာချက်များအားအရာထမ်းအမှုထမ်းများမှရပ်ကွက်များအတွင်းသက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မီးသတ်ဦးစီးဌာန ၊မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများနှင့်အတူ ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar
#ygn_apr2020

Sign Up

Upcoming Events