လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေးရွာ၊ ရသေ့ပျံ ကျေးရွာတို့၌ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် အချက်များ လိုက်လံနှိုးဆော် ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား ရေဘေးနှင့် မြေပြိုဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyn_jun_2026
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး