လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ ဒူကထောင်နယ်မြေ ၄/၅/၁၄၊ လယ်ကုန်းမလိယန်၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင် IDPs စခန်းများရှိအိမ်ထောင်စု စုစုပေါင်း (၃၆၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာ(၂)ခဲ့၊ mask(၂)ခုနှုန်းနှင့် ဆပ်ပြာ(၇၂၄)ခဲ၊ mask(၇၂၄)ခု တို့အား သွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#kcn_apr2020