Latest News
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့ နံနက် (၉:၀၀) အချိန်မှ နေ့လည် (၁၁:၀၀) အချိန်အထိ လိပ်သိုမြို့အတွင်းရှိ ကျေးရွာများဖြစ်သော ဇလဲကျေးရွာနှင့် ကော်ဘတ်ခြံကျေးရွာများသို့ COVID-19 ရောဂါပျံ့နှံ့ မှုများမဖြစ်ပွားစေရန် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာအုပ်စု၊ အင်တောကျေးရွာ၊ ဆပ်သေကျေးရွာ၊ ပန်းကုန် (မ) ကျေးရွာ၊ ပန်းကုန်း(တ)ကျေးရွာ၊ ဗိုလ်ရုံကျေးရွာနှင့် အုန်းနပေါင်းကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများတင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #sgg_apr2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
စစ်တွေမြို့နယ်ရှိ Cyclone Shelter များ၌ Facility Quarantine ထားရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် ပြည်သူများအတွက် ဆပ်ပြာများ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့နယ်ရှိ မှန်စီ Cyclone Shelter ၌ Facility Quarantine ထားရှိသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် လူဦးရေ (၇၉) ဦးအတွက် ဆပ်ပြာ (၇၉) တောင့်ကို (၁၃:၀၀) နာရီအချိန်တွင်လည်းကောင်း၊ အုန်းတောကြီး (တောင်) Cyclone Shelter ၌ Facility Quarantine ထားရှိသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် လူဦးရေ (၁၀၅) ဦးအတွက် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ်အတွင်း နေ့ဖြစ်ပွားသော လေဘေးကြောင့် လေဘေးဒဏ်သင့်ခဲ့သည့် မင်းစားကျေးရွာ၊ စနဗျင်းကျေးရွာ၊ ရှဲကျေးရွာ၊ မောက်တက်ကျေးရွာ၊ မုဿာကျေးရွာ၊ ငါးနန္ဒားကျေးရွာ၊ ပန်းဆက်ကျေးရွာ၊ကုန်းရင်းကျေးရွာ၊ အနောက်တောကျေးရွာ၊ ရွာသာကျေးရွာ စသည့် ကျေးရွာ (၁၀) ရွာမှ အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု (၅၉) စု၊ လူဦးရေ (၃၀၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၈၅၅၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၄၈၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၅၀၃၉၀၀/-) … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးခရိုင် ပြန်လည်ထူထောင်ရေးဦးစီး ဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ ကွမ်းလုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကွမ်းလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ကွမ်းလုံမြို့ ခိုလုံရပ်ကွက်၊ ဝန်ထမ်းရပ်ကွက်၊ ဘောဂရပ်ကွက်၊ ဉာဏ္ဏသိပ္ပံရပ်ကွက်၊ ကံသာယာရပ်ကွက်၊ ရှမ်းရွာ ရပ်ကွက်တို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက် များကို အသိပေးပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့ (၁၅း၃၀)နာရီ မှ (၁၉း၃၀)နာရီအထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ၊ခန္တီးမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်နှင့်ဇီးဖြူကုန်းရပ်ကွက်တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် စောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_apr 2020









