လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ်အတွင်း နေ့ဖြစ်ပွားသော လေဘေးကြောင့် လေဘေးဒဏ်သင့်ခဲ့သည့် မင်းစားကျေးရွာ၊ စနဗျင်းကျေးရွာ၊ ရှဲကျေးရွာ၊ မောက်တက်ကျေးရွာ၊ မုဿာကျေးရွာ၊ ငါးနန္ဒားကျေးရွာ၊ ပန်းဆက်ကျေးရွာ၊ကုန်းရင်းကျေးရွာ၊ အနောက်တောကျေးရွာ၊ ရွာသာကျေးရွာ စသည့် ကျေးရွာ (၁၀) ရွာမှ အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု (၅၉) စု၊ လူဦးရေ (၃၀၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၈၅၅၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၄၈၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၅၀၃၉၀၀/-) ကျပ်နှင့် သစ်ပင်ပိနေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာတို့ကို (၁၈-၄-၂၀၂၀) နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#sgg _ apr 2020