စစ်တွေမြို့နယ်ရှိ Cyclone Shelter များ၌ Facility Quarantine ထားရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် ပြည်သူများအတွက် ဆပ်ပြာများ ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့နယ်ရှိ မှန်စီ Cyclone Shelter ၌ Facility Quarantine ထားရှိသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် လူဦးရေ (၇၉) ဦးအတွက် ဆပ်ပြာ (၇၉) တောင့်ကို (၁၃:၀၀) နာရီအချိန်တွင်လည်းကောင်း၊ အုန်းတောကြီး (တောင်) Cyclone Shelter ၌ Facility Quarantine ထားရှိသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် လူဦးရေ (၁၀၅) ဦးအတွက် ဆပ်ပြာ (၁၀၅) တောင့်ကို (၁၃:၀၀) နာရီအချိန်တွင်လည်းကောင်း၊ သဲချောင်း Cyclone Shelter ၌ Facility Quarantine ထားရှိသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် လူဦးရေ (၄၄) ဦးအတွက် ဆပ်ပြာ (၄၄) တောင့်ကို (၁၄:၀၀) နာရီအချိန်တွင်လည်းကောင်း၊ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_apr2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events