လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးခရိုင် ပြန်လည်ထူထောင်ရေးဦးစီး ဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ ကွမ်းလုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကွမ်းလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ကွမ်းလုံမြို့ ခိုလုံရပ်ကွက်၊ ဝန်ထမ်းရပ်ကွက်၊ ဘောဂရပ်ကွက်၊ ဉာဏ္ဏသိပ္ပံရပ်ကွက်၊ ကံသာယာရပ်ကွက်၊ ရှမ်းရွာ ရပ်ကွက်တို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက် များကို အသိပေးပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)